SME တွေထက်ကုမ္ပဏီကြီးတွေ အခြေအနေကောင်း

SME တွေထက်ကုမ္ပဏီကြီးတွေ အခြေအနေကောင်း ==================================== ကုမ္ပဏီကြီးနဲ့ကုမ္ပဏီလေးတွေကြားမှာ အခြေအနေကွာဟမှုတွေပိုကြီးလာပြီး၊ ကုမ္ပဏီကြီးတွေက အခိုင်အမာ တိုးတက်မှုတွေနဲ့ ပိုပြီးရှေ့ချီနိုင်ခဲ့တယ်လို့ မနေ့ကထုတ်ပြန်ခဲ့တဲ့ D P Information Group ရဲ့ Singapore 1000 နှင့် Singapore SME 1000 ဇယားမှာဖော်ပြထားခဲ့တယ်။ ထိပ်တန်းကုမ္ပဏီ ၁၀၀၀ ရဲ့တစ်နှစ်တာ အမြတ်အစွန်းစုစုပေါင်းဟာ ၁၀ ဒဿမ ၅ ရာခိုင်နှုန်းခုန်တက်ပြီး ဒေါ်လာ ၁၈၂ဒဿမ၈ဘီလီယံကိုရောက်ခဲ့ပါတယ်။ SME 1000 တန်းကလုပ်ငန်းတွေကတော့ ရောင်းဝယ်မှုပမာဏရော၊ အမြတ် အစွန်းပါ ကျဆင်းတဲ့ အဖြစ်ကြုံခဲ့ရပါတယ်။ ဒီအသေးစား အလတ်စား လုပ်ငန်းတွေရဲ့ ရောင်းဝယ်ဖောက်ကားမှု ပမာဏဟာ ၁၁ ဒဿမ ၈ ရာခိုင်နှုန်း ကျဆင်းပြီး ဒေါ်လာ၂၆ ဒဿမ ၇ ဘီလီယံဖိုးပဲရှိခဲ့ပါတယ်။ အမြတ်အစွန်း ကလည်း ၁၇ ဒဿမ ၁ ရာခိုင်နှုန်းကျဆင်းပြီး အရင်က တစ်နှစ်ကဒေါ်လာ ၃ ဒဿမ ၅ ဘီလီယံရှိခဲ့ရာကနေ ဒေါ်လာ ၂ဒဿမ ၉ဘီလီယံကို ကျဆင်းခဲ့ ပါတယ်။ စင်္ကာပူနိုင်ငံရဲ့အကြီးစားလုပ်ငန်းကြီးတွေ အဓိကဈေးကွက်က တရုတ်နိုင်ငံဖြစ်ပြီး အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေရဲ့အဓိကဈေးကွက်က အရှေ့တောင် အာရှဖြစ်တယ်လို့ဆိုပါတယ်။ SME ကုမ္ပဏီ တွေထဲမှာ ဒီနှစ...