SME တွေထက်ကုမ္ပဏီကြီးတွေ အခြေအနေကောင်း

SME တွေထက်ကုမ္ပဏီကြီးတွေ အခြေအနေကောင်း
====================================
ကုမ္ပဏီကြီးနဲ့ကုမ္ပဏီလေးတွေကြားမှာ အခြေအနေကွာဟမှုတွေပိုကြီးလာပြီး၊ ကုမ္ပဏီကြီးတွေက အခိုင်အမာ တိုးတက်မှုတွေနဲ့ ပိုပြီးရှေ့ချီနိုင်ခဲ့တယ်လို့ မနေ့ကထုတ်ပြန်ခဲ့တဲ့ D P Information Group ရဲ့ Singapore 1000 နှင့် Singapore SME 1000 ဇယားမှာဖော်ပြထားခဲ့တယ်။
ထိပ်တန်းကုမ္ပဏီ ၁၀၀၀ ရဲ့တစ်နှစ်တာ အမြတ်အစွန်းစုစုပေါင်းဟာ ၁၀ ဒဿမ ၅ ရာခိုင်နှုန်းခုန်တက်ပြီး ဒေါ်လာ ၁၈၂ဒဿမ၈ဘီလီယံကိုရောက်ခဲ့ပါတယ်။
SME 1000 တန်းကလုပ်ငန်းတွေကတော့ ရောင်းဝယ်မှုပမာဏရော၊ အမြတ် အစွန်းပါ ကျဆင်းတဲ့ အဖြစ်ကြုံခဲ့ရပါတယ်။ ဒီအသေးစား အလတ်စား လုပ်ငန်းတွေရဲ့ ရောင်းဝယ်ဖောက်ကားမှု ပမာဏဟာ ၁၁ ဒဿမ ၈ ရာခိုင်နှုန်း ကျဆင်းပြီး ဒေါ်လာ၂၆ ဒဿမ ၇ ဘီလီယံဖိုးပဲရှိခဲ့ပါတယ်။ အမြတ်အစွန်း ကလည်း ၁၇ ဒဿမ ၁ ရာခိုင်နှုန်းကျဆင်းပြီး အရင်က တစ်နှစ်ကဒေါ်လာ ၃ ဒဿမ ၅ ဘီလီယံရှိခဲ့ရာကနေ ဒေါ်လာ ၂ဒဿမ ၉ဘီလီယံကို ကျဆင်းခဲ့ ပါတယ်။ စင်္ကာပူနိုင်ငံရဲ့အကြီးစားလုပ်ငန်းကြီးတွေ အဓိကဈေးကွက်က တရုတ်နိုင်ငံဖြစ်ပြီး အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေရဲ့အဓိကဈေးကွက်က အရှေ့တောင် အာရှဖြစ်တယ်လို့ဆိုပါတယ်။
SME ကုမ္ပဏီ တွေထဲမှာ ဒီနှစ်စွမ်းဆောင်ရေးဆုရခဲ့တဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့ Equvo ကုမ္ပဏီ ရဲ့ အမှုဆောင်အရာရှိချုပ် မာလ်ဗင်လိုကတော့ သောကြာနေ့က ကျင်းပခဲ့တဲ့ အခန်းအနားတစ်ခုမှာ တခြားSME တွေကို'လုပ်ငန်း လည်ပတ် စရိတ်ကို သတိချပ်၊ ဖောက်သည်တွေနဲ့ အဆက်အစပ် မကင်းသွားစေနဲ့၊ ပြိုင်ဘက်ရှေ့ကပြေးနေနိုင်အောင်ကြိုးစား၊ ကိုယ့်အမှားကိုယ်သိ၊ လိုအပ်သလို လိုက်လျောညီထွေပြုပြင်နိုင်ပါစေ' သတိပေးစကားပြောကြားခဲ့ပါတယ်။
Strait Times

Comments